ကောင်းတာလေးတွေ ကျန်စေချင်
''နှစ်သစ်ကူးမို့ အချစ်ဦးကိုရှာဖွေ . .
.''
လေထဲလွင့်ပျံလာတဲ့ သင်္ကြန်သီချင်းတစ်ပုဒ်တစ်စကနားဝကိုရောက်လာပါတယ်။
ဂိန်မေတစ်ခါ ပြန်တော့ သင်္ကြန်တစ်ကြိမ်ရောက်ပြန်ပါပေါ့လား။
ကိုယ့်ပါးစပ်နဲ့ ကိုယ့်နားကြားသာရုံတီးတိုးရေရွတ်ရင်းနည်းနည်းလေးပျောက်နေတာလား၊
ပျောက်စ ပြုနေတာလားမခွဲခြားနိုင်တဲ့ တစ်စုံတစ်ရာကိုမှန်းဆကြည့်မိပြန်ပါရော။ အဲဒီတစ်စုံတစ်ရာဆိုတာက
မြန်မာ ယဉ်ကျေးမှု၊ မြန်မာ့အမျိုးသားလက္ခဏာ၊ အင်မတန်မှချစ်စရာ၊ လေးစားစရာကောင်းတဲ့ မြန်မာတို့ရဲ့
စိတ် ဓာတ်၊ ဓလေ့စရိုက်၊ အတွေးအခေါ်၊ အနေအထိုင်။
ဒါလေးတွေရေးမိ၊ ပြောမရတာရဲ့အရင်းခံက မကြာမတင်ကကြားခဲ့ရတဲ့စကားလေးတစ်ခွန်းမှာ
မြစ်ဖျားခံပါတယ်။
''အဲဒီ ဘီအမ်ဒဗလျူကားကြီးကဟယ် လှမှလှ။ ကောင်းမှကောင်း၊
ဘာမဟုတ်တဲ့သူ ကားပေါ် ရောက်သွားရင်တောင် အရောင်တွေဟပ်ပြီး ကာလတက်သွားမှာ''တဲ့။
ဘာအရည်အချင်း၊ အတွေးအခေါ်မှမရှိတဲ့မီးလောင်ငုတ်တိုပေါ်က
မျောက်အိုမလိုမျိုးကို ကားပေါ် တင်ရင်ကော ဘာများထူးခြားလာမှာလဲ။
''အဲဒီလိုကားမျိုးထိုင်ရ၊ ပိုင်ရမယ်ဆိုလို့ကတော့
ဘာနဲ့လဲရ လဲရ ဘာပဲပေးရပေးရ''ဖတ်ခဲ့တဲ့စာတွေ၊ ရခဲ့တဲ့ ဂုဏ်ထူးတွေ၊ စင်ပေါ်ကဆုဖလားတွေ၊
နောက်ပြီးတော့အခုတက်နေတဲ့ တက္ကသိုလ်၊ လက်ရှိရထား တဲ့အောင်မြင်မှုအခြေအနေ၊ ဒါတွေကိုမေ့ထားတော့မှာလား
မိန်းကလေးရေ။
မင်းကြိုးစားပြီးရမယ့် နောက်ဆုံးအောင်မြင်မှုပန်းတိုင်မဟုတ်သေးဘူး။
ကြားလွတ်လပ်အောင်မြင်မှု ပိစိကွေးလေးတွေကတောင်မှ မင်းကို ''ဒီလိုကားမျိုး တစ်စီးမဟုတ်ဘူး၊
ဆယ်စီး၊ ဆယ်စီးဝယ်ပေးနိုင်တယ် သိရဲ့လား''လို့ ဟိုမင်းသားကြီးလိုပြောလိုက်ချင်ရဲ့။
ခရီးလမ်းဆိုတာ ကြမ်းချင်လည်း ကြမ်းနိုင်ပါတယ်။
ခရီးတာကြာရှည်ချင်ရင်လည်းကြာနိုင်ပါတယ်။ စိတ်မရှည်လို့ မြန်မြန်ရောက်အောင်ဖြတ်ပြီးလျှောက်ကြတာမျိုးလည်းရှိတတ်ပါတယ်။
ဖြတ်လမ်းမှာခလုတ် လည်းထိနိုင်ပါတယ်။ ငုတ်လည်းငြိနိုင်ပါတယ်။ နဖူးလည်းကွဲနိုင်ပါတယ်။
ဒူးလည်းပြဲနိုင်ပါတယ်။
''ဘ၀မှာရွေးစရာမရှိသလောက်နည်းသွားတဲ့အဆုံးမှာ
ဖြတ်လမ်းလိုက်ကြတယ်။ သေမထူး၊ နေမ ထူးသမားတွေအများဆုံးပေါ့''လို့ ပြောသံကြားဖူးပါတယ်။
ဖြတ်လမ်းလိုက်တဲ့သူတွေ များလာတာဟာ ထွက် ပေါက်မဲ့သမားတွေများလာတာကိုပြတာလား။
မောင်စံပေါတို့ငယ်ငယ်ကနဲ့ အခုရုပ်ဝတ္ထုပတ်ဝန်းကျင်ကအများကြီးကွာခြားသွားခဲ့ပါပြီး။
တယ်လီ ဖုန်းဆက်ပြီး အလွမ်းသယ်ဖို့ခက်တဲ့အခြေမို့ ငှက်ခါးစေပြီးစာတွေပဲဖလှယ်ခဲ့ကြရတာကလား။
အခုများမှာတော့ အင်တာနက်တန်းခိုးနဲ့အရုပ်လည်းမြင်၊
အသံလည်းကြားစကားပြောနိုင်ကြပါပြီး။ လောကဓာတ်ပညာတွေက
ဆန်းပြားစွာ မြင့်မားလာတာကိုး။
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးလူးဆက်ဆံမှုတွေကလဲများလာပါတယ်။
ဟိုဘက်အခန်းမှာဘာဖြစ် နေတာလဲလို့ ထရံပေါက်ကချောင်းကြည်လို့မြင်ရမယ် မြင်ကွင်းထက်တောင်ပိုပြီး
ပီပြင်ရှင်းလင်းစွာနဲ့ ရုပ်မြင် သံကြားမှာကမ္ဘာတစ်လွှားက အဖြစ်အပျက်များစွာကို မြင်တွေ့နိုင်ပါပြီ။
ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွေကလည်း ဒီဝီဇံတပ်မကြီးပေါင်းသန်းနဲ့ချီပြီး
ဝင်သလိုကိုဝင်လာပါ တော့တယ်။ ရှေးခေတ်ကစလောင်းဖုံးနှစ်ချပ်တီးရင်းကျားလာမလာတော့မသိပါဘူး။
ဒီခေတ်မှာတော့ စလောင်းတစ်ချပ်နဲ့တင်ကိုကျားထက်မက အဆရာထောင်ဆိုးဝါးတဲ့၊ ရက်စက်တဲ့သတ္တ၀ါကြီးတွေကို
ဝင်လာ နိုင်စေတာအမှန်ပါပဲ။
ဘာသာစကား၊ အတားအဆီးဆိုတာကိုလည်းနည်းပညာတွေနဲ့ဖြေရှင်းလိုက်ရာမှာ
စာတန်းထိုးပြီး ဖော်ပြပေးနိုင်လို့တော်တော်များများသပေါက်နားလည်သွားတော့တာပါပဲ။
ဖန်းတီးရှင်တွေရဲ့ ''အနုပညာမှော်''က အင်အားကောင်းလေလေပရိသတ်တွေကို
ဆွဲဆောင်နိုင်လေ ပါပဲ။ ('ချိုတကူးနဲ့ဂုဏ်ရည်မတူ'က အဲဒါကိုပြောပြပါတယ်) ဆွဲဆောင်ရာကို
သွားရုံတင်မကဘဲကြိုးကိုင်ခံရ၊ ပုံသွင်းခံရတဲ့ ဘ၀ဆိုရင်တော့ အင်မတန်မှကို ရင်နာစရာကောင်းပါတယ်။
လူဆိုတာ မျောက်ကဆင်းသက် တယ်လို့ပြောပါတယ်။ မျောက်တွေဟာ အတုခိုးလွယ်ပါတယ်။ လူတွေကလည်း
အတုခိုးသန်ပါတယ်။ စိတ် ဆိုတာကလည်းမကောင်းမှုမှာ။ ပျော်မွေ့တတ်တဲ့သဘောရှိပါတယ်။
လေးကောင်းဂျင်လောင်းကစားမကောင်းကြောင်းရေးတဲ့ဝတ္ထုကို
ဖတ်ပြီး လေးကောင်းဂျင်စမ်းထိုး ကြည့်ရာကနေစွဲသွားကြတာ အများကြီးတွေ့ခဲ့ဖူးပါတယ်။
'သိန်းဖေမြင့်'ရဲ့'အရှေ့ကနေ၀န်းထွက်သည့်ပမာ'ဟာ
ဂန္ဓ၀င်မြောက်စာအုပ်ကြီးပါ။ ဖတ်သူတွေ အများစုဟာ သိန်းဖေမြင့်ပြောချင်တဲ့အဓိကအကြောင်းအရာ
ဇာတ်လမ်းဇာတ်ကွက်ကိုသာမမှတ်မိရင်ရှိရ မယ်'မောင်တင်ထွန်းနှင့်မမြမှီတို့သည်'ဆိုတဲ့ ရထားစီးတဲ့
အခန်းကိုတော့ စိတ်ထဲစွဲနေတတ်ကြပါတယ်။
အခု ရုပ်သံဇာတ်လမ်းတွဲတွေရုပ်သံမှာမလွှင့်တဲ့တခြားဇာတ်လမ်းတွဲတွေ၊
ရုပ်ရှင်တွေတော်တော် များများဟာ မြန်မာစာတန်းထိုးပြီးလမ်းနဘေးမှာ၊ နေရာတကာမှာဈေးပေါပေါနဲ့အလွယ်တကူဝယ်ယူကြည့်
ရှုလို့ရနေပါတယ်။ ကြည့်တဲ့ပရိသတ်တွေအားလုံးဟာ အသိဉာဏ်အတွေးအခေါ်ရင့်ကျက်သူတွေ၊ စဉ်းစား
ဆင်ခြင်ပိုင်းခြားဝေခွဲတတ်တဲ့သူတွေဖြစ်ချင်မှဖြစ်မှာပါ။ မဟုတ်တာတွေကို အတုယူရာမှာပြဿနာကတက်
ပါလေရာ။
သိသာထင်ရှားစွာနဲ့ ပြဿနာတတ်တာမျိုး၊ အဓမ္မအပြာကားတွေကြည့်ပြီးစိမ့်ဝင်သွားတဲ့စေ့ဆော်မှု
ကနေ ကိုယ်တိုင်မုဒိမ်းမှုကျူးလွန်ကြတဲ့အကြောင်းတွေ၊ ဂျာနယ်တွေမှာ ဖတ်ရမှာပါ။ အပြင်မှာကြားရမှာပါ။
နိုင်ငံခြားဇာတ်ကားတွေထဲက သရုပ်ဆောင်တွေရဲ့ဝတ်စားဆင်ယင်မှုတွေကို
အတုခိုးပြီး ဂုဏ်ယူစွာ ၀တ်ဆင်ကြရာမှာ ဟိုတယ်ကြီးတွေက မင်္ဂလာဆောင်ကြီးတွေမှာ အခမ်းအနားကြီးတွေမှာ
ကျောပြောင်ရင် ဖော်ပေါင်ပေါ်အ၀တ်တွေကို သမီးပျိုများက ဂုဏ်ယူစွာနဲ့ဝတ်စားလာနေကြပါပြီ။
ရေစီးကြောင်းကို တားမရ မှန်းသိပေမယ့် ပြောင်းတိုင်းကောင်းမယ်လို့တော့ တရားသေမှတ်ယူလို့မဖြစ်နိုင်ပါဘူး။
ပိုဆိုးတာက ဇွဲရှိတာ၊ အလုပ်ကြိုးစားတာ၊ စနစ်တကျရှိတာ၊
အမျိုးချစ်တာစတဲ့ကောင်းတဲ့အချက် တွေကို အတုမယူကြတာ။ အဆိုးဆုံးကတော့ တိုင်းတစ်ပါးကိုအထင်ကြီးစိတ်တွေတဖြည်းဖြည်းအမြစ်တွယ်
ပြီး ကိုယ်အမျိုးကို ကိုယ်နှိမ့်ချအပြစ်မြင်တာမျိုးတွေများလာတာ။ ဒါဟာ အခုခေတ်လိုမီဒီယာပေါင်းစုံအား
ကောင်းနေတဲ့အချိန်မပြောနဲ့၊ ကိုလိုနီခေတ်ဦးမှာမကိုးမကန်းတွေမြင်ရလို့ မျိုးချစ်စာဆိုကြီး
အချုပ်တန်း ဆရာဖေက 'ကုလားမြင်သူအမေ-ိုးတော့မလို့ဆိုပြီးတေးထပ်ထဲမှာ ရေးစပ်ခဲ့ဖူးပါတယ်။
(နံဘေးအိမ်က ကားကောင်းတွေထည်လဲစီးနေတာကို
အားကျအထင်ကြီးပြီး ဘာရယ်ညရယ်မစဉ်း စားဘဲ ကိုယ့်ယောက်ျားကိုနေ့စဉ်အပြစ်ဆို၊ အဖြစ်မရှိရကောင်းလား
နှိမ့်ချတဲ့အိမ်ရှင်မျိုးတွေအများကြီးပါ။ လက်ငင်းရလဒ်ကယောက်ျားနားပူတယ်။ အိမ်တွင်းရေးတထောင့်တဆတွေများလာတယ်။)
တိုးတက်မှုအရှိန်အဟုန်မြန်ဆန်လှတဲ့ခေတ်ကြီးထဲမှာ
ပညာခေတ်လို့ ခေါ်တဲ့ခေတ်ကြီးထဲမှာ နယ် ချဲ့တဲ့ပရိယာယ်တွေကလည်းအလွန်ကြွယ်လာပါတယ်။ ကျည်တစ်တောင့်ဟာ
ချက်ကောင်းထဲမှာ လူတစ် ယောက်သေမှာ။ အားကောင်းတဲ့မီဒီယာတစ်ခုကတော့လူပေါင်းများစွာကိုချေမှုန်းနိုင်ပါတယ်။
''အဲဟို မမနဲ့သာအဆင်ပြေရင် အားလုံးပြီးပြီ၊
ရုပ်မချောပေမယ့် ငွေကတော့ တကယ်ပေါတာ''တို့လို မျိုးစကားတွေကြားရတာလား။ ခဏခဏကြားရတာလား။
နေရာတကာမှာကြားနေရတာလား။
မီးခိုးထွက်တာ မီးရှိလို့လို့ဆိုရင်၊ စကားပြောတာစိတ်ပါလို့ဆိုရင်
ကြောက်စရာအတော်ကောင်းပါ တယ်။ အချောင်နှိုက်ဖြတ်လမ်းလိုက်ချင်သူတွေနဲ့ တိုင်းပြည်တိုးတက်အောင်
တည်ဆောက်နိုင်မှာမဟုတ်ပါ ဘူး။
နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ဆေးပါတယ်။ အတာရေကအေးပါတယ်။
နှစ်သစ်မှာ ကိုယ်နှစ်ဖြာကျန်းမာချမ်းသာကြစေဖို့ ဆုတောင်းမေတ္တာပို့ရပါတယ်။
အကောင်းတွေ ''တိုး'' မလာတောင်မှ အဆိုးတွေ
'မတက်စမ်းချင်ပါ။ အဆိုးတွေ'ပေါ့' မသွားတောင် မှ ရှိရင်းစွဲအကောင်းတွေတော့ လျှော့မသွားစေချင်ပါ။
လာမယ့်နှစ်မှာ မတော်မတဲ့တွေမြင်တွေ့ ကြားသိရတာ
''နည်း''သွားပါစေ။ ချစ်စရာကောင်းတဲ့ မြန်မာမှုဓလေ့စရိုက်အမျိုးသားလက္ခဏာတွေ လူတိုင်းရဲ့
ရင်မှာပိုမို ''စွဲ’'ထင်ကြပါစေလို့။
No comments:
Post a Comment